0 item

Bengal Cat လေးတွေအကြောင်း

ပထမတစ်ခေါက်ရေးခဲ့တဲ့ Blog လေးမှာ Maine Coon ကြောင်မျိုးနွယ်လေးတွေအကြောင်း မှတ်မိသေးကြလားရှင့်😍

ဒီတစ်ခေါက်မှာတော့ ရှားပါးမျိုးနွယ်တစ်ခုဖြစ်တဲ့ သစ်ကြောင် (Prionailurus bengalensis) လို့ခေါ်တဲ့  Bengal Cat  လေးတွေအကြောင်းပြောပြမယ်နော် ☺️


*** မြန်မာနိုင်ငံမှာ တွေ့ရခဲတဲ့ ဒီသစ်ကြောင်လေးတွေ​က
တောက်ပတဲ့အရောင်ကွက်ကျားလေးတွေနဲ့ မျက်ဝန်းစူးစူးလေးတွေပိုင်ဆိုင်ထားတဲ့ ကျားသစ်မျိုးနွယ်ဝင်ဆိုလည်းမမှားပါဘူး 💯💯

Bengal Cat လေးတွေက တောင်အာရှ၊ ‌အရှေ့တောင်အာရှနှင့် အရှေ့အာရှ ၏ ကုန်းပိုင်းဒေသတွင် နေထိုင်ကျက်စားလေ့ရှိတဲ့ ကြောင်ရိုင်းအငယ်စား လေးတွေဖြစ်ပါတယ်။

၂၀၀၂ ကတည်းက Bengal Cat လေးတွေဟာ ကျယ်ပြန့်စွာ နေထိုင်နိုင်သောကြောင့် IUCN  စာရင်းတွင် စိုးရိမ်စရာ အနည်းဆုံး အဖြစ် စာရင်းသွင်း ခံရသော်လည်း၊ နေထိုင်ရာ ဘုံ ပျောက်ဆုံးခြင်း၊ အချို့ မျိုးအုပ်စုများ အမဲလိုက်ခံရခြင်းတို့ဖြင့် ခြိမ်းခြောက်ခံ နေကြရပါတယ်။

အာရှတိုက်နှင့် ဆန်းဒါးကျွန်းများရှိ ‌သစ်ကြောင်ကို မျိုးစိတ် တခုတည်းအဖြစ် သမိုင်းကြောင်းအရ ယူဆကြပြီး ၂၀၁၇ တွင် ဆန်းဒါးကျွန်း၌ တွေ့ရသော သစ်ကြောင်ကို သီးခြားမျိုးစိတ် (Prionailurus javanensis) အဖြစ် အသိအမှတ် ပြုလိုက်ကြပါတယ်တဲ့။


*** Bengal Cat လေးတွေရဲ့ Coat Color လေးတွေက
သားမွေးအရောင် အမြီးအရှည် ဦးခေါင်းခွံ ပုံသဏ္ဌာန်နှင့် သွားအရွယ်အစားများ ကွဲပြားပြီး တရုတ်ပြည်မှ ရှေးဟောင်း သက်သေအရ သစ်ကြောင်သည် အိမ်မွေးတိရစ္ဆာန် အဖြစ် စတင်ယဉ်ပါးသော ပထမဆုံး ကြောင်မျိုးစိတ် ဖြစ်တယ်လို့ မျိုးစိတ်ပညာရှင်တစ်ချို့ ခန့်မှန်းထားတာလည်း တွေ့ရပါတယ်ရှင့်။

Bengal Cat လေးတွေက အာရှတိုက်ရှိကြောင်ရိုင်းအငယ်စားများအနက် တွေ့ရှိရာအရပ် အကျယ်ပြန့်ဆုံး ဖြစ်ပါတယ်
Bengal Cat လေးတွေတို့ကို ရုရှားအရှေ့ဖျားရှိ အမာဒေသမှသည် ကိုရီးယားကျွန်းဆွယ်၊ တရုတ်ပြည်၊ အင်ဒိုချိုင်းနား၊ အိန္ဒိယတိုက်ငယ်တို့တွင် တွေ့ရပြီး Bengal Cat လေးတွေကို ပါကစ္စတန်မြောက်ပိုင်းအထိ တွေ့နိုင်ပါတယ်။


ဂျပန်ပြည်မှာဆိုရင်တော့ အီရီယိုမိုတေးကျွန်းနှင့် ကျူရှီးမားကျွန်းတို့တွင်သာ တွေ့ရတတ်ပါတယ်🥰

အရွယ်အစားအရကြည့်ရင်တော့ Large Size ထိကြီးထားနိုင်တဲ့ Spotted Cat Breed ပါ😍
ဖွံ့ဖြိုးကျစ်လစ်တဲ့ကြွက်သားတွေနဲ့ဖွဲ့စည်းထားတာကြောင့် အိမ်မွေးကြောင်တွေရဲ့သန်မာမှုနဲ့တော့တော်တော်လေးကွာခြားပါတယ် 🤗
အိမ်မှာမွေးမယ်ဆိုရင်တော့ သာမာန်အိမ်မွေးကြောင်လေးတွေထက် အစားသောက်နေရာထိုင်ခင်း​တွေ စနစ်တကျပြင်ဆင်ပေးရမဲ့အပြင် လူယဉ်ပါးလာအောင်

လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့တော့ အထူးအရေးကြီးပါတယ်။


ချစ်တဲ့ Customer များ သိတာလေးတွေလည်း ပြန်လည်ဝေမျှပေးပါအုံး 🥰
ဒါလေးကတော့ မင်မင်သိသလောက်လေး ပြန် ဝေမျှပေးတာပါ 🥰🧡
Pet Lovers တိုင်းအတွက်တော့ အချစ်တော်လေးတွေနဲ့ပတ်သက်တဲ့အရာမှန်သမျှက ပျော်စရာ အပန်းဖြေစရာဖြစ်မယ်လို့ယုံကြည်ပါတယ်
Puppy Paradise မှာတင်ပေးတဲ့ အကြောင်းအရာလေးတွေဖတ်ရှုပြီး ဘဝအမောများပြေပျောက်နိုင်ကြပါစေရှင့် 🙏🧡

Puppy Paradise မှာစိတ်တိုင်းကျ Breeds များကို စိတ်ကြိုက် pre orderများ မှာယူနိုင်ပါပြီ 🥰

Source : Wikipedia

#PuppyParadiseMyanmar
#YourPetDeservesTheBest
☎️ 09444448446
🏠 No(1/A), Kabaraye Pagoda Road, Yankin Township, Yangon

Image may contain: outdoor
No photo description available.
Image may contain: indoor
You can compare max 4 products.