0 item

KITTY : Lovely Princess

ကြောင်လေးတွေရဲ့စကားသံကိုဘာသာပြန်ပေးမဲ့   🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾🐱🐾

ကြောင်ချစ်သူကိုကိုမမ တို့ အတွက် ပြည့်ပြည့်စုံစုံလေး ဖော်ပြပေးနိုင်ရန် Aunty May Page မှ အချက်အလက် အချို့ကို ကိုးကားထားပါတယ်ရှင် 😊😇

ကြောင်လေးတွေက တစ်ခါတစ်လေ ချေလွန်းလို့သခင်ကိုတောင် အကပ်မခံချင်တဲ့အချိန်ရှိသလို အရမ်းလဲဂရုစိုက်ခံချင်တဲ့ အကောင်လေးတွေထဲမှာကြောင်တွေကထိပ်ဆုံးကပါပဲ။ အဲ့ဒါကြောင့် သင့်ကြောင်လေးက သင့်ရဲ့ဂရုစိုက်မှုကို ပိုပြီးလိုအပ်နေပြီလို့ ပြောပြနေတဲ့ အမူအယာလေးတွေကို သိထားရအောင်

အောက်မှာဖတ်ကြည့် လိုက်ပါနော်….

🐾 တစ်ညောင်ညောင်အော်မယ်

ကြောင်လေးတွေကဗိုက်ဆာတဲ့အချိန်ဆို တညောင်ညောင်အော်နေတတ်ပါတယ်။တကယ်လို့ဗိုက်မဆာပဲ တညောင်​ညောင် အော်နေရင်တော့ သူကသင့်ရဲ့အာရုံစိုက်မှုကိုလိုချင်နေလို့ပါ။ အဲ့ဒါကြောင့်အလုပ်မအားရင်တောင်ခဏလောက်ပဲဖြစ်ဖြစ် ဂရုစိုက်ပေးလိုက်ပါနော်။


🐾 တွေ့ရာမြင်ရာကုတ်ပါမယ်

တခါတလေကြောင်လေးတွေက လူတွေလမ်းလျောက်နေတဲ့အခါပဲဖြစ်ဖြစ် တခြားတစ်ခုခုလုပ်နေတဲ့အခါပဲဖြစ်ဖြစ် သူတို့လက်ကလေးနဲ့ မနာအောင်လိုက်ကုတ်နေတတ်ပါတယ်။သင်အလုပ်လုပ်နေတဲ့အချိန်မှာ လိုက်နှောင့်ယှက်ပြီးသင့်ရဲ့ကွန်ပြူတာတွေ စာအုပ်တွေကိုလိုက်ကုတ်နေတာလဲ ကြုံဖူးကြမှာပါ။ အဲ့လိုလိုက်နှောင့်ယှက်နေလို့စိတ်မဆိုးလိုက်ပါနဲ့နော်။ သူတို့အဲ့လိုလုပ်နေတာက သခင်ကအလုပ်ပဲလုပ်ပြီးသူတို့ကိုဂရုမစိုက်တာကို မလိုလားလို့ပါတဲ့။

🐾 သစ်သားတွေကြမ်းပြင်တွေကိုအကြောင်းမဲ့ကုတ်ခြစ်နေတာ

မြန်မာအယူအဆမှာတော့ ကြောင်လေးတွေက တခြားအရာဝတ္ထုပစ္စည်းတွေကို အကြာကြီးကုန်ခြစ်နေတဲ့အခါမှာ ဗေဒင်တွက်နေတာလို့ပြောကြတယ်။ တကယ်တော့သူတို့ကပျင်းရိပြီး တခြားလုပ်စရာမရှိလို့ လျှောက်ခြစ်နေတာပါ။ အဲ့ဒါကြောင့်သခင်တွေကကြောင်လေးတွေ ကုတ်ခြစ်နေတာမြင်ရင်ပိုဂရုစိုက်ပေးရမယ်၊ အတူတူဆော့ပေးရမယ်ဆိုတာ သတိရနော်။


🐾 သင့်မျက်နှာကိုအကြာကြီးစိုက်ကြည့်နေတာ

ကြုံဖူးကြလား ကြောင်လေးတွေကိုယ့်ရှေ့တည့်တည့်မှာလာထိုင်ပြီး အကြာကြီးစိုက်ကြည့်နေတာကို။ တခါတလေ သူတို့ဘာလို့အဲ့လိုကြည့်နေပြီး ဘာတွေစဉ်းစားနေမလဲဆိုတာ သိချင်စိတ်တောင်ဖြစ်မိပါတယ်။ တကယ့်အကြောင်းရင်းမှန်ကတော့ ကြောင်လေးတွေက သူတို့တကယ်ချစ်ခင်ပြီး သဘောကျနှစ်သက်တဲ့သူမို့ အဲ့လို

အကြာကြီးစိုက်ကြည့်နေတာပါတဲ့။ ပြီးတော့အဲ့ဒီလူဆီက ဂရုစိုက်မှုကိုလဲလိုချင်လို့ပါတဲ့။ ကဲကြောင်လေးတွေမွေးထားပြီးရင် ဂရုစိုက်ပေးဖို့မမေ့ကြနဲ့နော်။


🐾 လူများတဲ့နေရာတွေကိုကြောက်မယ်

ကြောင်လေးတွေက ချစ်မိရင်လည်းမခွာတတ် ပဲ သူစိမ်းဆိုရင်လည်းအရမ်းကြောက်တတ်ပါတယ်
သူတို့ ကိုသူစိမ်းလက်ထဲအတင်းပေးချီခိုင်းရင် အရမ်းကြောက်တတ်တဲ့ကလေးတွေအနေ နဲ့ ဝမ်းနည်းတတ်ကြပါတယ်
ဒါ့ကြောင့်ကလေးက အနားက မခွာဘူးဆိုရင်သင့်ကိုတအား တွယ်တာလို့ပါ တဲ့။


ကြောင်ချစ်သူဖေဖေမေမေ တို့အတွက် ဗဟုသုတ သဘောလေးရေးပေးတာဆိုတော့ လိုအပ်တာလေးတွေရှိရင်နားလည်ပေးကြပါရှင့် 😍
Cat lovers တို့ အနေနဲ့ ဝေမျှချင်တာလေးတွေရှိရင်လည်း Facebook Page မှာ Knowledge လေးတွေဖလှယ်လိုက်ကြရအောင်နော် 🐾🐾

Ref: Aunty May Page/ Google
Photo: VVIP (Princess) from Puppy Paradise

https://resources.bestfriends.org/…/cat-behavior-problems-p…

#PuppyParadise
#YourPetDeservesTheBest
 09444448446
🏠No(1/A), Kabaraye Pagoda Road,Yankin Township,Yangon

You can compare max 4 products.